အဆောက်အဦ အုတ်တံတိုင်းပြိုကျလို့ ၂ ဦး ပိမိမှု မော်လမြိုင်မှာ ဖြစ်ပွား

မော်လမြိုင် ဘားအံကားလမ်းဘေး အဆောက်အဦ အုတ်တံတိုင်းပြိုကျလို ၂ ဦး ပိမိမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်-ဘားအံကားလမ်းဘေး၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ အတ္ထရံတံတားထိပ်တွင် အဆောက်အဦအုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီး လူ(၂)ဦးပိမိမှု ဖြစ်ပွားခဲ့တာပါ။

ယင်းဖြစ်စဉ်ကို မော်လမြိုင်ခရိုင်မီးသတ် နဲ့ ညောင်ပင်ဆိပ်နယ်မြေမီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ ပိမိနေသောလူနာ(၂)ဦး(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး မွန်မြတ်သောနှလုံးသားပိုင်ရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။