လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၆ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာ၌တိုက်ပွဲဖြစ်ပွားပြီး စစ်ကူလာသည့် စစ်ကားများကိုပါ မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကန်တာကားတစ်စီး လုံးစုတ်ပြတ်သတ်သွားပြီး စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံမြို့နယ်၊ မီးပေါက်ကျေးရွာမှ တောင်ပုံကျေးရွာအတွင်းသို့ အင်အား ၂၃ ဦးဖြင့် ဝင်ရောက်လာသော စစ်သားများထဲမှာ ၅ ဦးသည် ကင်းပုန်းဝပ်ရန် ထွက်လာစဉ် ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၆ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် ယာဉ်မိုင်းဆွဲခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ သတင်းအမြတ်ထုတ်ကာစိတ်ကူးပုံဖော်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးတယ်လို့ PDF ဂုဏ်ဖော်ကာ အများအထင်လွဲမှားအောင်တမင်လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK