မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်အတူခိုအောင်းနေသော PDF(၃)ဦးကို အသေဖမ်းဆည်းရမိ ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို မလိုလားသော ဒေသခံပြည်သူ အချို့က မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံလုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားတို့က နတ်မောက်မြို့နယ် ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့(ဖေဖော်ဝါရီလ ၂၈ ရက်)၊ ညနေပိုင်းတွင် သွားရောက်၍…