၂၀၂၃ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ ၁၆၄၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇x၅၈ လမ်းကြား၊ ၁၁၂ လမ်းဘေးရှိ အမှိုက်ပုံတွင် မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ မသင်္ကာဖွယ် (အနက်ရောင်)အိတ်အတွင်းမှ ရေသန့်ဗူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၈ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

