ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၀ လုံး ကျော်ပြာကျခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ခြင်းမရှိသလို နေအိမ်များကိုလည်းမီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်ကာ တပ်မတော်ကို အပုတ်ချ၍ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။
FakeNews
FACT-CHECK