-ဇူလိုင်လ ၉ ရက် ၂၁၅၀ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပေါက်မြို့ အောင်ချမ်းသာရပ်ကွက်နေ ဦးကျော်ငွေ(၅၅) နှစ်၏ နေအိမ်ပေါ်သို့ လက်လုပ် စိန်ပြောင်းဗုံးသီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ၎င်း၏နေအိမ်အနီးရှိ ဒေါ်တင်ချိန် (၅၇) နှစ်သည် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရှိရ။
-ဇူလိုင်လ ၁၀ ရက် ၁၆၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ “ဆင်နှစ်ကောင်” ကုန်စုံဆိုင်သို့ အကြမ်းဖက်သမား ၃ ဦး ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင် ဒေါ်နုနုဝေ(၅၂) နှစ်အား ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသိရှိရ။
-ဇူလိုင်လ ၁၀ ရက် ၀၉၄၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့(ခ) ရပ်ကွက်နေ ဒေါ်တင်ကြည်(၇၈)နှစ်၏ နေအိမ်အမိုးပေါ်သို့ လက်လုပ်စိန်ပြောင်း ဗုံးသီးကျရောက်ပေါက်ကွဲခဲ့သဖြင့် မေသက်ခိုင်(၁၇) နှစ်သည် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိကြောင်းသိရှိရ။
-ဇူလိုင်လ ၁၀ ရက် ၀၉၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလှကျေးရွာ ကျောင်းထိုင်ဆရာတော် ဥူးသုဇာတ သက်တော်(၆၀)နှစ် ဝါတော် (၂၅) ဝါအား အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန် တော်မူ ခဲ့ကြောင်းသိရှိရ။
-ဇူလိုင်လ ၁၀ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ကရင်ပြည်နယ် မြဝတီမြို့နေ ဦးအောင်ဘို (၄၂) နှစ်သည် ရွှေမြင့်မိုရ်ဦးသစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းအနီးရှိ စောထွန်းဝင်း(ခ) ဦးမောင်ပိန်၏ ခြံဝင်းအတွင်း ထင်းခုတ်နေစဉ် အကြမ်းဖက် သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒဏ်ရာ ရရှိခဲ့။