မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် ထိုင်းအမျိုးသမီး ယူ-၁၉ အသင်းကို (၁-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ဆီမီးအဆင့်တွင် Tournament regulations ပြောင်းလဲမှုအရ အုပ်စု (က) ပထမနှင့် အုပ်စု (ဂ) ပထမ၊ အုပ်စု (ခ) ပထမနှင့် အကောင်းဆုံး အုပ်စုဒုတိယ အသင်းတို့ တွေ့ဆုံကြရမည်ဖြစ်ရာ အင်ဒိုနီးရှားနှင့် ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့ ရင်ဆိုင်ကစားကြရမည်ဖြစ်ပါတယ်။