ကျောက်တံခါးမြို့နယ်အတွင်း တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်လို့ DVB မှ သတင်းအတုရေး

ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေအကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ကနေသိရပါတယ်။ နံဇရွာနဲ့ပေါက်ပင်ကုန်း ကျေးရွာတွေဘက်မှာ ဇူလိုင် ၅ ရက်က အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ တပ်မတော်စစ်ကြောင်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့ နှစ်ရက် တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦးဝန်းကျင် သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့တိုက်ပွဲမှာ မနက် ၂ နာရီခွဲလောက်ကနေ မိုးလင်းချိန်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာမှာ စစ်သား ၁၅ ဦး ခန့်သေဆုံးခဲ့တာလို့ DVB မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၅ ရက်နေ့၌ ကျောက်တံခါးမြို့နယ် နံဇရွာနဲ့ပေါက်ပင်ကုန်း ကျေးရွာဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA အဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ DVB မှ ဖြစ်စဉ်မရှိဘဲ လုပ်ဇာတ်ဆင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်လို့ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FactCheck