ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ် ဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနဲ့ မြနန္ဒာလမ်းထောင့်မှာ မိန်းလမ်းကနေမောင်းလာတဲ့ မြေကြီးသယ်ယာဥ်က လမ်းဖြတ်ကနေ ထွက်လာတဲ့ Light Truck ယာဥ်ကို တိုက်မိတဲ့ဖြစ်စဥ်ကြောင့် Light Truck ယာဥ် လွင့်ထွက်တိမ်းမှောက်ခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသား ၇ ဦးအနက် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို သိရပါတယ်။

