နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးသည် ကမ္ဘာပေါ်တွင်အကြီးဆုံးဖြစ်လာမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်ထုလုပ်ပူဇော်စဉ်ကစပြီး အနယ်နယ်အရပ်ရပ်မှ စေတနာရှင်မိဘပြည်သူများက တတ်စွမ်းသရွှေ့လှူဒန်းနေကြတာဟာဗုဒ္ဓဘာဝင်များသာမက မြန်မာပြည်သူအားလုံးကပါ သာဓုအဒုမောဒနာ ခေါ်ဆိုနေကြရတာပဲဖြစ်ပါတယ်။ လှူဒန်းပူဇော်ခြင်းဆိုတာဟာလည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမြဲပြုလုပ်နေကြလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူအများစုဟာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများသာ ဖြစ်ပါတယ်။ ဒီလိုဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်နေတဲ့ မြန်မာပြည်မှာ အနောက်အုပ်စုအလိုကျ လိုက်ပါလုပ်ဆောင်ပြီး သာသနာကိုပျောက်ကွယ်အောင်/မှေးမှန်အောင်လုပ်နေတဲ့ ခေတ်သစ် မာရ်နတ်များလည်း ရှိလို့နေပါတယ်။ ဇွန်လ ၂၉ ရက်နေ့တွင် အလှူရှင် ၁၀၁ ဦးက အလှူငွေ ၁၆၁၇၇ သန်း ကို အစိုးရနဲ့ ပူးပေါင်းပြီး သာသနာတော်ပြန့်ပွားရေးဆောင်ရွက်ခဲ့ပါတယ်။ ဒါကို ခေတ်သစ် မာရ်နတ်/ NUG/PDF တို့က ဘုရားတည်ကုသိုလ်ပြုတာကို အလှူငွေများ လှူရကောင်းလားဆိုပြီး ဝေဖန်တိုက်ခိုက်နေကြတာပါ။ တော်လှန်ရေးဆိုကာ ဘုရားသားတော်တွေကို သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို စစ်ရေးအကာအကွယ်ပြုလုပ်ခြင်း များကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေကြပါတယ်။ ဒီတော့ အကယ်၍များ သူတို့တွေဆီသာ အုပ်ချုပ်မှုအာဏာများ ရသွားခဲ့ရင် မြန်မာနိုင်ငံရဲ့ သာသနာတော်ကြီးဟာ မှေးမှိန်ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရပါတယ်။ ဒီတော့ သာသနာပြုမင်းနဲ့ သာသနာတော်ကို ချစ်မြတ်နိုးသူတွေ များများပေါ်ပေါက်ပါစေကြောင်း ဆုတောင်းရင်း..
Related Posts
သပိတ်ကျင်းအနီးတိုက်ပွဲများအခြေအနေ
- admin
- August 27, 2024
သပိတ်ကျင်းမြို့ပေါ်ရှိ ရုံး၊ ဌာနဆိုင်ရာ လုံခြုံရေးအဖွဲ့တွေနဲ့ မြို့အထွက်က တပ်စခန်းငယ်လေးတွေကို TNLA နဲ့ PDF ပူးပေါင်းအင်အားများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရလို့ မြို့ပေါ်လုံခြုံရေးလုပ်နေတဲ့အဖွဲ့တွေ နယ်မြေခံသင်တန်းကျောင်းတပ်ကို ပြန်လည်ပူးပေါင်းလာခဲ့ပါတယ်။ […]
ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများအတွက် မြန်မာသံရုံးထုတ်ပြန်ချက်
- admin
- November 8, 2024
ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ ၎င်းတိုနေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်ထားသည်။ အလားတူ ယင်းကဲ့သို သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို နေထိုင်ခဲ့သည့် […]
NUG/CRPHနှင့် PDF အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်
- ရှင်ယွန်း
- December 13, 2022
ဒီဇင်ဘာ ၁၂ရက်က မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ ကြားကျေးရွာ၌ မတ္တရာမြိုနယ်အတွင်းရှိ အပြစ်မဲ့သံဃာတော်များနှင့်ပြည်သူများအားအကြမ်းဖက်သတ်ဖြတ်ခြင်း၊စာသင်ကျောင်းများအားမိုင်းခွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ပြုလုပ်သည့်NUG/CRPHနှင့် လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုချကြောင်း ဒေသခံပြည်သူများမှဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သတင်းရရှိပါတယ်။