ရန်ကုန် – မော်လမြိုင်ကားလမ်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရစဉ် ယာဉ်နှစ်စီး ပြုတ်ကျခဲ့ရာ လူတစ်ဦး သေဆုံး
ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင် အမှတ်(၁၃၁/၆)နှင့် (၁၃၁/၇) အကြား တံတားအမှတ် (၁၃၂/၃) သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား၊ ကျုံအိတ်တံတား မှာ ဇွန် ၂၉ ရက် နံနက် ၄ နာရီခွဲ ခန့်က မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများ ထံမှ သိရသည်။
ထိုသို့ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့်အတွက် တံတားမှာ ကျိုးကျပျက်ဆီးခဲ့ပြီး ယာဉ်တစ်စီးသွားလာနိုင်သည့် အနေအထားမျိုးသာ ကျန်ရှိကြောင်း သိရသည်။
တံတားမိုင်းခွဲခံရသည့်အချိန်တွင် တံတားပေါ် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ် သုံး စီး အနက် နှစ် စီးမှာ တံတားနှင့် အတူချောင်းအတွင်းကျရောက်ပျက်ဆီးခဲ့ပြီး တစ်ဦးသေဆုံးကာ၊ တစ်ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ မော်တော်ယာဉ်တစ်စီးမှာ တံတားအစပ်တွင် တင်ကျန်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါတယ်။



