ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသော EAO အဖွဲ (၅)ဖွဲ့တိုသည် လာမည့် ဇွန်လ (၂၆)ရက်မှစ၍ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
NCA လက်မှတ်ရေးထိုးထားသော EAO အဖွဲ (၇) ဖွဲ့ရှိသည့်အနက် NMSP နှင့် RCSS အဖွဲ့တိုမှာ ယခုတွေ့ဆုံပွဲသို တပါတည်းလာရောက်ရန် အဆင်သင့်မဖြစ်သေးသဖြင့် KNU/KNLA-PC၊ ALP၊ LDU၊ PNLO၊ DKBA လက်နက်ကိုင်အဖွဲ့(၅)ဖွဲ့တို့သာ ဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်ကြောင်းလည်းသိရပါတယ်။