ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ်သေချာစေမည့် ဥပဒေသစ်ပြဋ္ဌာန်းမှုက အန္တရာယ်ကြီးမားစေသည်ဟုဆို

ဂျပန်အထက်လွှတ်တော်သည် ၂၀၂၇ ခုနှစ်အထိ ကာကွယ်ရေးအသုံးစရိတ် ယန်း ၄၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၀၅) ဘီလီယံသုံးစွဲရန် စီစဉ်ထားမှု အတွက် ရန်ပုံငွေသေချာစေရေး ဥပဒေတစ်ရပ်ကို ဇွန်လ ၁၆ ရက်က ခွင့်ပြု သော်လည်း ရန်ပုံငွေအရင်းအမြစ်သည် မသေချာမရေရာအခြေအနေ ရှိနေသေးကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ၏ ထိုကဲ့သို့သော လုပ်ဆောင်မှုသည် အရေးပါသော အချက်ပြမှု များကို ပေးပို့ခဲ့ကြောင်း၊ စစ်ပွဲလွန်ကာလတွင် ပုံမှန်အခြေအနေဖြစ်လာမည့် မဟာဗျူဟာမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ဂျပန်ရှိ ကွန်ဆာဗေးတစ် နိုင်ငံရေးအဖွဲ့သည် တရုတ်နှင့် အမေရိကန်တို့အကြား လက်ရှိဖြစ်ပွားလျက်ရှိသည့် အကွဲအပြဲဖြစ်မှုကို ပုံကြီးချဲ့ဖော်ပြလျက်ရှိပြီး ၎င်းကို ဂျပန်အတွက် မဟာဗျူဟာမြောက် အခွင့်အလမ်းတစ်ရပ်အဖြစ် မှတ်ယူထားကြောင်း၊ ၎င်းတို့သည် အစဉ်အလာအရ မဟာဗျူဟာများကို ချိန်ညှိရန်နှင့် ဂျပန်-အမေရိကန် မဟာမိတ်ဖွဲ့မှုကို ဂျပန်၏ ပြည်ပသို့ ခရီးစဉ်များတိုးချဲ့မှုနှင့် အမျိုးသားလုံခြုံရေးအား ထိန်းသိမ်းမှုအတွက် အဓိကအချက်အဖြစ် မှတ်ယူထားကြောင်း၊ အဓိကအားဖြင့် သံတမန်ရေးရာနှင့် လုံခြုံရေးကဲ့သို့သော နယ်မြေများတွင် သိသာထင်ရှားသည့် လုပ်ရပ်များကို ပြုလုပ်ရန် ရည်ရွယ်ထားပြီး စစ်ရေးတိုးချဲ့မှုလုပ်ငန်းတွင် အဓိကထိုးဖောက်လုပ်ဆောင်မှုသည် အခြေခံနိုင်ငံရေးလုပ်ငန်းများအနက် တစ်ခုဖြစ်သည်ဟု ယူဆထားကြောင်း သိရှိရပါသည်။

ကာကွယ်ရေးအသုံးစရိတ်အတွက် ရန်ပုံငွေဖန်တီးရန် အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းမှုသည် ဝန်ကြီးချုပ် ကီရှီဒါအစိုးရက ပေးအပ်သည့် နိုင်ငံရေးလက်ဆောင် တစ်ခုအဖြစ် မှတ်ယူထားကြောင်း၊ သို့သော်လည်း ယင်းဥပဒေတွင် ချို့ယွင်းချက် ပါရှိပြီး ကီရှီဒါအစိုးရအတွက် အန္တရာယ်များစေကြောင်း၊ သာဓကအားဖြင့် ယင်းတွင် အခွန်နှုန်းထား မြှင့်တင်မှုကဲ့သို့သော အရေးပါသည့်အစီအစဉ် ပါဝင်မှုမရှိကြောင်း၊ ၎င်းသည် အနာဂတ်တွင် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုအတွက် ရန်ပုံငွေ အရင်းအမြစ်ဖြစ်ကြောင်း၊ လက်ရှိအာဏာရ လစ်ဘရယ်လ်ဒီမိုကရက်တစ်ပါတီသည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ပြည်တွင်းအများသဘောတူညီမှုတစ်ရပ်ကို ရရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အကောင်အထည်ဖော်မည့်အစီအစဉ်ကို အတိုက်အခံ နိုင်ငံရေးပါတီများက ကန့်ကွက်ထားကြောင်း၊ အာဏာရညွန့်ပေါင်းအဖွဲ့နှင့် အတိုက်အခံ ပါတီတို့က ဂျပန်၏ စီးပွားရေးနလန်ထူမှုအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။