

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကားကြီးဂိတ်အနီး၌ နေ့ ဇွန်လ ၂၀ ရက် မနက်ပိုင်းက တက္ကစီယာဥ်နဲ့ ဟိုက်ဂျက်ယာဥ် အရှိန်ပြင်းစွာတိုက်မိပြီး နှစ်စီးစလုံး လမ်းပေါ်မှာ တိမ်းမှောက်သွားကြတယ်လို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် စံပြဆေးရုံသို့ပို့ထားရတယ်လို့လည်း သိရပါတယ်။