နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”ကို စက်တင်ဘာလ ၆ ရက်နေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ အဆိုပါ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊…