ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို ယနေ့ နံနက် ၉:၃၀ နာရီ အချိန်က အမှတ် (၆)ရပ်ကွက်ရှိ အ.ထ.က(ရွှေကြက်ယက်) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေး အသင်းဝင်များ၊ဆရာ/ဆရာမ များနှင့် ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



