ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေထားကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲဝင်များက သွားရောက်ရှာဖွေခဲ့ရာ ၎င်းရပ်ကွက်ရှိ “သုထက်စံ” ထမင်းဆိုင်မှ Aye Aye Thet” အကောင့်ဖြင့် အသုံးပြုသူ အေးအေးသက် အား နေအိမ်တွင် အသင့်တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ လုံခြုံရေးအဖွဲဝင်များအား လူမှုကွက်ယက်ပေါ်တွင် ရိုင်းစိုင်းစွာ ပြောဆိုရေးသား ဖြန့်ဝေထားကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးဖွဲဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် ရေးသားသူအား ဖမ်းဆီးရမိ
