(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် မေလ ၃၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြိုမှ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှား) လေယာဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။
အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ Goalball (မျက်မမြင်)၊ အလေးမ၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော စသည့်အားကစားနည်း (၈) နည်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရပါတယ်။


