လက်ရှိမှာ စိတ်ချမ်းသာစေပါ
စိတ်နာစရာကိစ္စတွေက
ကိုယ်မမေ့ထားနိုင်လေလေ
ပိုပြီးတော့ ပူလောင်ရလေလေပါပဲ ။
ပျက်စီးခြင်းကိစ္စတွေက
ကိုယ့်စိတ် မဖြေတတ်လေလေ
ပိုပြီးတော့ ပင်ပန်းရလေလေပါပဲ ။
မဖြစ်နိုင်စရာကိစ္စတွေက
ကိုယ်လက်မလျော့လေလေ
ပိုအချိန်ကုန်လူပန်းဖြစ်လေလေပါပဲ ။
မရောက်လာနိုင်တဲ့ကိစ္စတွေက
ကိုယ်ကြိုတွေးထားလေလေ
နေရတာ မပျော်ရွှင်ရလေလေပါပဲ ။
ပြီးသွားတာတွေကို ထားခဲ့ပြီး
မဖြစ်တာတွေကို စိုးရိမ်မနေပါနဲ့ ။
မနက်ဖြန်မှာ ဘာတွေဖြစ်ရမယ်မှန်း
ကြိုတင်မသိနိုင်တဲ့ လူသားတွေမို
လက်တွေ့ဘ၀မှာ
ကောင်းအောင် နေထိုင်ပြီးတော့
စိတ်ချမ်းသာအောင်ပဲ ကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏
