အမေရိကန်က ယူကရိန်းမှာ ဇီဝလက်နက်စမ်းသပ်ထုတ်လုပ်မှုများလုပ်ဆောင်နေသည်ဟု ရုရှားစွပ်စွဲ

February 27, 2012 - U.S. Marines and Sailors conduct annual chemical, biological, radiological and nuclear defense training at Camp Lejeune, North Carolina. The training taught the Marines and Sailors how to use the new M50 joint service general purpose gas mask.

အမေရိကန်အနေဖြင့် ယူကရိန်းနိုင်ငံအတွင်း ဇီဝလက်နက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရရှိထားသော အချက်အလက်များကသက်သေပြလျက်ရှိသည်ဟု ရုရှားစစ်ဘက်၏ နျူကလီးယား၊ ဓာတုနှင့်ဇီဝဘေးအန္တရာယ်ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ် ( Igor Kirillov) က မေလ ၂၆ ရက်တွင် စွပ်စွဲပြောကြားခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကျွမ်းကျင်ပညာရှင်များသည် ယူကရိန်းနိုင်ငံတောင်ပိုင်း၊ ခါဆွန်ဒေသရှိ ( Askaniya- Nova Biosphere Reserve) ဓာတ်ခွဲခန်းမှ စာရွက်စာတမ်း အထောက်အထားများကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါအထောက်အထားများအရ ပင်တဂွန်စစ်ဌာန ချုပ်၏ စစ်ဘက်ဇီဝဆိုင်ရာစီမံကိန်းများအား ၎င်းဓာတ်ခွဲခန်း၌ လုပ်ဆောင်ခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ကီရီလော့ဗ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ အဆိုပါစီမံကိန်းများသည် ထိန်းချုပ်နိုင်ခြင်းမရှိသော ရောဂါပိုးမွှားများ ကူးစက်ပျံ့နှံ့စေရန် ရည်ရွယ်ကြောင်းနှင့် စီးပွားရေးထိခိုက်စေမှုအပါအဝင် စားနပ်ရိက္ခာဖူလုံမှုအန္တရာယ်များဖြစ်ပေါ်စေနိုင်သည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်းသိရပါတယ်။