ဗန်းမော်ဆရာတော်ဘုရားကြီးသည် မြန်မာဘာသာဖြင့်ပင် အောင်မြင်ရန်ခက်ခဲသော ဓမ္မာစရိယ ကျမ်းရင်းကိုးကျမ်းကို ပါဠိဖြင့်အောင်မြင်တော်မူသော မြန်မာနိုင်ငံတွင်တစ်ပါးတည်းသာရှိသော ပါဠိသိရောမဏိဘွဲတံဆိပ်တော်ရဖြစ်ပါသည်။ ဦးခေါင်းတော်ရွှေစီကွပ်ခြင်းသည်
ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ ကြီးကျယ်မြင့်မြတ်သော ဦးနှောက်ဉာဏ်တော်ကိုပူဇော်သောအားဖြင့် ကပ်လှူထားခြင်းဖြစ်ကြောင်းသိရပါါယ်။

