ရခိုင်ပြည်နယ်၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသလို မေလ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ကျေးရွာများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။




