ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီးတွေပြတ်တောက်သွားတဲ့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ အချိန်မီပြင်ဆင်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အဖွဲ့ ၁၆ ဖွဲ (လူအင်အား ၅၆၇ ဦး၊ ယာဉ်ယန္တရား ၆၂ စီး)၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အဖွဲ့၁၄ ဖွဲ့ (လူအင်အား ၅၃၆ ဦး၊ ယာဉ်ယန္တရား ၄၉ စီး) တို့ဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။
မုန်တိုင်းတိုက်ခတ်ခံရလို့ ဒီလိုတွေပျက်စီးသွားခဲ့ရတယ်

ဒီလိုတွေပြန်ပြုပြင်ခဲ့တယ်


ဒီလိုတွေပြီးသွားပြီဆိုတော့

မေလ ၂၅ ရက်နေ့ ညမှာ စစ်တွေမြို့က ဒီလိုဖြစ်လာပြီလေ

