ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်ရောက်ရှိနေသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျှက် မေလ ၂၃ ရက်တွင် ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနှင့်မင်းပြားတပ်နယ်တို့ရှိ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များရှိ အဆောက်အဦများအား လိုက်လံကြည့်ရှု့ကာ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး မှာကြားခဲ့ပြီး အိမ်ထောင်သည် ရဲမေများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်းသိရပါတယ်။



