ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) ကြောင့် ထိခိုက်ပျက်စီးဆုံးရှုးမှုများဖြစ်ပေါ်ခဲ့သောနေရာများမှ မုန်တိုင်းဒဏ် သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အိန္ဒိယနိုင်ငံမှ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့သည် မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြိုရှိ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ကြောင်းသိရပါတယ်။


