မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်၊ ရွာသာကျေးရွာရှိမေလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ဉာဏ်တော်အမြင့် ပေ ၇၀ ခန့်ရှိ ရွှေဘုံသာစေတီတော်၏ သပိတ်မှော်ရစ်အထက်ပိုင်း ပြိုကျမြေခပျက်စီးခဲ့ရပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၈၀ ခန့်ရှိကြောင်း သိရပါတယ်။
အဆိုပါ ရွှေဘုံသာစေတီတော်သည် ရှေ့ဟောင်းစေတီတစ်ဆူဖြစ်ပြီး၊ ၁၉၈၄ ခုနှစ်တွင် ပထမဆုံးပြန်လည် ပြုပြင်ခဲ့ရာ လက်ရှိအချိန်ထိ ၃ ကြိမ်ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။

