မေလ ၁၂ ရက် ယနေ့၊ မြန်မာစံတော်ချိန် (၀၃) နာရီ၊ (၁၄) မိနစ်၊ (၅၅) စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၃) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မတူပီမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၁) မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၁.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၁၂)ဒီဂရီ၊ အနက် (၇၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရပါတယ်။
