ရန်ကုန်- နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(190/4-5) ၌ မေလ ၉ ရက် ယနေ့မနက် ၆ နာရီအချိန်ခန့်တွင် ခရီးသည်တင် Express နှင့် လိုက်ထရပ်ကားတို တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် လိုက်ထရက် ယာဉ်ပေါ်ပါ ကျား(၁၅) ဦးအနက် ကျား(၁)ဦးသေဆုံးပြီး ကျား(၁၄)ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

