မုန်တိုင်း ဝင်ရောက်မည့်လမ်းကြောင်းများအား ဖြစ်နိုင်ချေအရ လမ်းကြောင်း (၂) ကြောင်း ခန့်မှန်းကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပါတယ်။
မြန်မာနိုင်ငံအတွင်းသို့ မေ (၁၃) ရက်နှင့် (၁၄) ရက်တွင် အားကောင်းသည့် ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်လာနိုင်ချေရှိမှုအပေါ် ကြိုတင်ပြင်ဆင်နေမှုနှင့် ပတ်သက်၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

