နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Anatoly. Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းသိရပါတယ်.။




