

ရှမ်းပြည်နယ်၊ လားရှိးမြို့၊ ရပ်ကွက်(၁) မှာ ယနေ့ (ဧပြီ ၂၇ ရက်) မွန်းတည့် ၁၂ နာရီအချိန်က မိန်းကလေးငယ်တစ်ဦး ဝက်ဝံကိုက်ခံရသဖြင့် စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိး လူငယ်များလူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဝက်ဝံဟာ လားရှိးမြို့၊ ရပ်ကွက်(၁)၊ နတ်ရေကန်ဘုန်းကြီးကျောင်းမှာ ခြံလှောင်မွေးမြူထားဖြစ်တယ်လို့သိရပြီး ၎င်းအမျိုးသမီးငယ်က ဝက်ဝံကို သွားဆော့ရင်းနဲ့ အကိုက်ခံရတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
၎င်းဝက်ဝံကိုက်မှုကြောင့် မိန်းကလေးငယ်မှာ ဘယ်၊ ညာလက် ပေါက်ပြဲဒဏ်ရာ၊ ဘယ်ခြေသလုံး ပေါက်ပြဲဒဏ်ရာအပါအဝင် စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် လားရှိးပြည်သူ့ ဆေးရုံကြီး-အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ရတယ်လို သိရပါတယ်။