နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧပြီလ ၂၄ ရက် မနက်ပိုင်း၌ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းအား နေပြည်တော်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်မှု အခြေအနေများနှင့်ပတ်သက်၍ အပြန်အလှန် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်..။




