အမေရိကန်အနေနှင့် ပြည်ပနိုင်ငံအချို့အပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှု လုပ်ဆောင်ခြင်းက ဒေါ်လာရဲ့လွှမ်းမိုးနိုင်မှုတွေကို နိဂုံးချုပ်စေနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန်က ပြောကြားလိုက်ပါတယ်။ အမေရိကန်အနေနှင့် အခြားနိုင်ငံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာကြောင့် သက်ဆိုင်ရာနိုင်ငံတွေဟာ အမေရိကန်ဒေါ်လာအစား အခြားခိုင်မာတဲ့ ရွေးချယ်စရာများကို ရှာဖွေနေကြပါတယ်။ ဒေါ်လာနှင့် ဆက်နွယ်နေတဲ့ ဘဏ္ဍာရေး ပိတ်ဆို့မှုများပြုလုပ်သည့်အခါ ဒေါ်လာသြဇာလွှမ်းမိုးမှုကို တွန်းလှန်ကြမယ့် အန္တရာယ်လည်းရှိလာနိုင်တယ်လို့ ယဲလန်က ပြောကြားခဲ့ပါတယ်။
Source: Yahoo
