နိုင်ငံတော်၏ အမိမြေကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ အသက်ကို ပဓာနမထားဘဲ စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)မှ နိုင်ငံ့သားကောင်းရတနာများသည် သတ်မှတ် စစ်မှုထမ်းကာလအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပေသည်။ ၎င်းတို့၏ တာဝန်ကျေပွန်မှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်ကချီးမြှင့်အပ်နှင်းသော ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးတွင် စက်တင်ဘာလ ၁၈ ရက်တွင် ဂုဏ်ပြုအခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းခဲ့ပြီး မိသားစုဝင်များထံသို့လည်းကောင်း၊ ၎င်းတို့၏နေရပ်အသီးသီးသို့လည်းကောင်း ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီးဖြစ်သည်။…