

ပုဂံဒေသမှာ ဘုရားပုံတော်တွေကို မြေကြီးမှာချရောင်းတွေနဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ပုံတွေကို ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးတဲ့သူတွေကို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) က အသိပေးထားပါတယ်။
ထိုသို့ အရေးယူတဲ့နေရာမှာ တက်တူးထိုးခံတဲ့သူကိုသာ အရေးယူမှာမဟုတ်ဘဲ တက်တူးထိုးပေးတဲ့သူကိုပါ အရေးယူသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ပညာပေးကာအဖြစ်သတ်မှတ် ကာ တားမြစ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပညာပေးကာလ ပြည့်မြောက်သွားရင်တော့ တားမြစ်ချက်မလိုက်နာသူတွေကို သာသနာညှိးနွမ်းစေမှုနဲ့ အရေးယူသွားမှာဖြစ်ပေမယ့် ပုဂံမှာခေတ်စားနေတဲ့ လက်ပန်းချီရေးထိုးတာကိုတော့ ပိတ်ပင်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။