




KIA တပ်ရင်း ၁ ရင်းနှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအကြမ်းဖက်လက်နက်ကိုင်အင်အားစုတချို့သည် ရွှေကူမြို့နယ်အတွင်း ဝင်ရောက်နေရာယူပြီး ဒေသခံပြည်သူများအား အနိုင်ကျင့် နှိပ်စက်ခြင်း၊ ရွှေကူ-စီသာ-စီသောင်-အင်ဘာပါ လမ်းကြောင်းအား အသုံးပြု၍ ဗန်းမော်၊ လိုင်ဇာ မှတဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင်အဖိုးတန် သစ်တော သယံဇာတများ ပို့ဆောင်ခြင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အမည်ခံအကြမ်းဖက် အဖွဲ့များထံ ပေးပို့မည့် လက်နက်၊ ခဲယမ်း ရောင်းချခြင်းနှင့် အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ရန် စီမံဆောင်ရွက် နေကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်ကျေးရွာများမှ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ အစိုးရပညာရေးယန္တရားအား ရပ်တန့်စေပြီး NUG မှ တရားမဝင် ကျောင်းများ ဖွင့်လှစ်သင်ကြားရန်စီမံနေခြင်း စသည့် လုပ်ရပ်များ အပေါ် ကျေနပ်မှုမရှိသော ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင် များက စနစ်တကျစုဖွဲ့၍ မတ် ၂၃ ရက်နေ့မှ ဧပြီ ၈ ရက်နေ့အထိ လေကြောင်းနှင့် အမြောက်ပစ်ကူရယူကာ စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးလုပ်ငန်းများ အဆင့်လိုက် ဆောင်ရွက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၂၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများတစ်ဝိုက် အခြေပြု စုဖွဲ့လျက်ရှိသော အကြမ်းဖက်အဖွဲ့များအား တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့သိရပါတယ်။