စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် တရားမဝင် ရွှေမျော လုပ်ငန်းများအား ကိုယ်တိုင်သော် လည်းကောင်း၊ နောက်ကွယ်ကသော် လည်းကောင်း လုပ်ကိုင်ဆောင်ရွက်နေ ကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ရွှေမျောဖောင်များနှင့် ဆက်စပ်ပစ္စည်းများ ကာလတန်ဖိုး ၁၁,၀၅၃,၄၄၀,၀၀၀ ကျပ် (သိန်းပေါင်း တစ်သိန်းတစ်သောင်းကျော်) အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာနှင့် ဖရုံကာကျေးရွာကြားတွင် ဖော်ပြပါအတိုင်း တရားမဝင်ရွှေမျှောများ သိမ်းဆည်းရမိခဲ့-
- ရွှေမျောဖောင် ၁၆ ဖောင်
- အင်ဂျင်( ၈ လုံးထိုး) ၁၆ လုံး
- ရေခရု(အကြီး) ၁၆ လုံး
- သံပိုက်လုံး(အချင်း ၄ လက်မ အရှည် ၂၀ ပေ )၇ လုံး
- သံပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ ) ၂၄ လုံး
- သံပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၁၈ လုံး
- ကော်ပိုက် လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ) ၆ လုံး
- ကော်ပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ)၁၃ လုံး
- သံပေပါ(အခွံ) ၂၆၄ လုံး
- သံပေပါ (ဆီအပြည့်) ၉ လုံး
- ဘက္ထရီအိုး(အကြီး) ၂၆ လုံး
- တဲ ၃၅ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ၎င်းနေရာအနီးဝန်းကျင်သို့ ထပ်မံရှင်းလင်းခဲ့ရာ
- ရွှေမျောဖောင် ၁၉ ဖောင်
- အင်ဂျင်( ၈ လုံးထိုး) ၁၉ လုံး
- ရေခရု(အကြီး) ၁၉ လုံး
- မျောစင် ၁၉ စင်
- သံပိုက်လုံး (အချင်း ၄ လက်မ အရှည် ၂၀ ပေ ) ၁၂ လုံး
- သံပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ ) ၃၂ လုံး
- သံပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၂၁ လုံး
- ကော်ပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ) ၉ လုံး
- ကော်ပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၁၆ လုံး
- သံပေပါ (အခွံ) ၁၈၀ လုံး
- သံပေပါ(ဆီအပြည့်) ၁၁ လုံး
- ဘက္ထရီအိုး(အကြီး) ၁၉ လုံး
- တဲ ၄၁ လုံးတို့အား တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
နောက်ရက်တွင် ၎င်းကျေးရွာအနီး အသေးစိတ် ထပ်မံရှင်းလင်းခဲ့ရာ-
- ရွှေမျှောဖာင် ၇၅ ဖောင်
- အင်ဂျင် ၈ လုံးထိုး ၇၅ လုံး
- ရေခရုအကြီး ၇၅ လုံး
- မျောစင် ၇၅ စင်
- သံပိုက်လုံး အရှည် ၉၀၄ လုံး
- ကောပိုက်လုံး ၃၈၇ လုံး
- ဘတ္ထရီအိုး အကြီး ၁းရွာအနီ
- ဆီပေပါ (အခွံ) ၁၅၀၇ လုံး
- ဆီပေပါ ၂၀ လုံး
- တဲ ၈၆ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ မင်းကင်းမြို့နယ်၊ ရှမ်းတောကျေးရွာအနီးတွင် မတရားမဝင် ရွှေမျှောဖောင်များဖြင့် လုပ်ကိုင်နေကြောင်း အမာခံများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရာ –
- ရွှေမျှောဖောင် ၃၁ ဖောင်
- အင်ဂျင် (၈လုံးထိုး) ၃၁ လုံး
- ရေခရု(အကြီး) ၃၁ လုံး
- မျောစင် ၃၁ စင်
- သံပိုက်လုံး ၂၃၆ ချောင်း
- ကော်ပိုက်လုံး ၄၂ လုံး
- ဘတ္ထရီအိုး ၆၂ လုံး
- ဆီပေပါ အခွံ ၂၂၁ လုံး
- ဆီပေပါ ၁၅ လုံး
- တဲ ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။