

ကျုံဒိုး မြဝတီတို့တွင်တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး ကော့ကရိတ်တံတားကျီုးအဖွဲပေါင်းစုံစစ်ဆေးရေးဂိတ်မှ လုံခြုံရေးဝန်ထမ်းများအပါအဝင်တာဝန်ကျဝန်ထမ်းများ ယနေ့နံနက် ၉ နာရီခန့်က ဂိတ်မှစွန့်ခွာသွားကြသည်ဟု ဒေသခံများကပြောကြားသည်။
လောလောဆယ်ဂိတ်မှဘယ်သူမှမရှိတော့ဘူး ဖမ်းထားတဲ့ပစ္စည်းတွေနဲ့အဆောက်အဦးပဲရှိတော့တယ် ဟု ဒေသခံတစ်ဦးကဆိုသည်။
လက်ရှိတွင် ယင်းဂိတ်အနီးတွင် မော်တော်ယာဉ်အစီး ၂၀၀ ခန့်ပိတ်မိလျှက်ရှိသည်။
ယင်းဂိတ်အနီးအပါအဝင် ကျုံဒိုး ကော့ကရိတ် အနီးတစ်ဝိုက်လက်ရှိအင်တာနက်လိုင်းများပြတ်တောက်လျှက်ရှိတယ်လို့သိရပါတယ်။