ကိုရီးယားရုပ်ရှင်ကြိုက်နှစ်သက်ကြတဲ့ မြန်မာပရိသတ်တွေကြား ချိုဝမ်လို့ လူသိများကြတဲ့ မင်းသမီးလေး လီဒါဟေးက သူမရဲ့ ချစ်သူအဆိုတော် Se7en နဲ့ လာမယ့် မေလမှာ လက်ထပ် ထိမ်းမြားတော့မယ်လို့ အသိပေးလိုက်ပါတယ်။
မတ်လ ၂၀ ရက် ဒီကနေ့မှာ အသက် ၄၀ အရွယ် မင်းသမီး ဒါဟေးနဲ့ အဆိုတော်တို့က သူတို့ နှစ်ဦးသားရဲ့ အင်စတာဂရမ်အကောင့်ပေါ် လာမယ့်မေလမှာ ပြုလုပ်မယ့် မင်္ဂလာပွဲအကြောင်း ကြေညာပေးခဲ့တယ်လို့ သိရပါတယ်။

