နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စာသင် တိုက်များမှ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မ အလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသူရိယ နှင့် ရန်ကင်း ကျောင်းတိုက်ဆရာတော် ဒွိပိဋကဒရ ဒွိပိဋကကောဝိဒ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသ တို့အမှူးပြုသည့် မုံရွာမြို့ပေါ်ရှိ စာသင်တိုက် ၇ တိုက်တို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချု်ပမှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများတက်ရောက်ကြပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက်ဆရာတော်၊ ရန်ကင်းကျောင်းတိုက် ဆရာတော်နှင့် ဓမ္မပါရဂူကျောင်းတိုက်ဆရာတော်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့် ပဲများကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့ရှိ စာသင်တိုက်များမှ သံဃာတော် ၇၉၁ ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားတွင် လှူဒါန်းမှု စုစုပေါင်းအနေဖြင့် ဆန် ၁၈၁ အိတ်၊ ဆီ ၃၂၆ ပိဿာ၊ ဆား ၂၇၂ ပိဿာ၊ ပဲ ၃၂၆ ပိဿာ၊ ကြာဇံ ၁၆၃ ပိဿာနှင့် နဝကမ္မအလှူငွေအနေဖြင့် စာသင်တိုက် တစ်တိုက်လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ငွေကျပ် ၃၅၀ သိန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါတယ်။