မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရေးအတွက် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတင်းရွှယ်ရှန်တို စက်တင်ဘာ ၁၆ ရက်တွင် နန်နင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးတိုကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အွန်လိုင်းလိမ်လည်မှုများအပါအဝင်…