



၃နှစ်ခန့်ပိတ်ထားသည့် တာချီလိတ် နှင့် မယ်ဆိုင်ရှိ ထိုင်း- မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား ယနေ့ ပြန်ဖွင့်
ကိုဗစ်ကြောင့် ၃ နှစ်ခန့်ပိတ်ထားသည့် တာချီလိတ်နှင့် မယ်ဆိုင်အကြားရှိ မြန်မာ – ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။