နိုင်ငံရေးနဲ့ စီးပွားရေးဟူသည်….

🔹ဆရာ ဒေါက်တာ နေဇင်လတ် ရေးထားတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဟာ ခေါင်းနဲ့ ပန်းလို ဆက်စပ်မှုရှိတယ်ဆိုတဲ့ စကားလုံးကို သိပ်သဘောကျတယ်။ ရုရှားနိုင်ငံရဲ့ ကမ္ဘာ့နာမည်ကြီး “အောက်တိုဘာတော်လှန်ရေး”နဲ့ မြန်မာနိုင်ငံရဲ့ ၈၈ အရေးအခင်းတွေဟာ ဒီစီးပွားရေးမညီမျှမှုတွေအပေါ်ကို နိုင်ငံရေးက အားသက်ရောက်သွားတဲ့အခါမှာ Revolution ကြီးကြီးမားမား ဖြစ်ကုန်တော့တာပါပဲ။ ဒီလိုအဖြစ်အပျက်တွေဟာ တခါတလေ အကောင်းဘက်ကို ဦးတည်သွားကြသလို တခါတလေ တိုင်းပြည်ပြိုကွဲသွားနိုင်တဲ့အထိ အတော်လေး ဂယက်ကြီးမားကြပါတယ်။ ဒါကို တချိုကလည်း စနစ်ပြောင်းတယ်လို ခေါ်ဆိုကြပါတယ်။

🔹ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ သူတိုခေတ်ကာလ အခြေအနေအရ တချိုသော စနစ်တွေဟာ မဖြစ်မနေကျင့်သုံးရတဲ့ စနစ်တွေရှိသလို တချိုသောစနစ်တွေဟာလည်း ဒီလို မဖြစ်မနေ ကျင့်သုံးစေအောင် အင်အားကြီးသူ ဘူဇွာလူတန်းစားတွေနဲ့ အစိုးရပိုင်းတာဝန်ရှိသူတွေက အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပူးပေါင်းကြံစည်ခြင်းကနေ မြစ်ဖျားခံလေ့ရှိကြပါတယ်။ စီးပွားရေးကို အုပ်ချုပ်သူအစိုးရက အလွန်အမင်းချုပ်ကိုင်ခဲ့တဲ့ ဆိုဗီယက်ဟာ အောက်တိုဘာတော်လှန်ရေးလို လူသိများတဲ့ အရေးအခင်းမှာ ပြိုကွဲခဲ့ရဖူးတာ နမူနာဖြစ်ရပ်ပါပဲ။ ဘာကြောင့်ဖြစ်ရသလဲလို သမိုင်းမှတ်တမ်းတွေကို ခြေရာခံကြည့်အခါ အထက်အောက် လူတန်းစာအလွှာတွေမှာ “မညီမျှ”ခြင်းဆိုတဲ့အရာကို ထင်ထင်ရှားရှားကြီးတွေ့ရပါလိမ့်မယ်။

🔹ဒလို သမိုင်းဖြစ်ရပ်တွေက ရှေ့မှာ သီအိုရီအခြေခံ သဘောတရားအရ ရှိထားပြီးတဲ့နောက်ပိုင်းမှာ ဒီကနေ့ စီးပွားရေးမှာ ထိပ်တန်းနိုင်ငံဖြစ်လာတဲ့ တရုတ်က စနစ် တစ်ခုထွင်ပြီးကျင့်သုံးလာပါတော့တယ်။ အဲ့ဒီစနစ်ကတော့ အာဏာရှိသူအစိုးရအုပ်ချုပ်သူတွေဟာ နိုင်ငံရေးအာဏာကိုသာ ချုပ်ကိုင်ပြီး စီးပွားရေးကို လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့်ပေးခဲ့တာပါပဲ။ ဒီကနေ့ တရုတ်နိုင်ငံကျင့်သုံးနေတဲ့ Double Standard ဆိုတာ ဒီစနစ်ကို တင်စားခြင်းဖြစ်ပါတယ်။ ဆိုတော့ စီးပွားရေးကို အပြိုင်ဖွင့်ပေးတာက တဦးတည်း ၊ ဒါ့မှမဟုတ် အသင်းအဖွဲလူတစ်စုက ချုပ်ကိုင်ထားတာထက် တိုင်းပြည်ကို ပိုပြီး အကျိုးရှိစေတယ်ဆိုတဲ့ ယူဆချက်ကို တရုတ်နိုင်ငံက စွဲစွဲမြဲမြဲ ယုံကြည်လက်ခံကျင့်သုံးနေတာဖြစ်ပါတယ်။

🔹စးပွားရေး မကောင်းတဲ့ နိုင်ငံတစ်ခုက ဘာမှ လုပ်မရသလို စီးပွားရေး မကောင်းတဲ့ နိုင်ငံရေးဟာလည်း ဘာမှ အာဏာရှိမှာမဟုတ်ပါဘူး။ စိန်ခေါ်မှုတွေများတဲ့ ဒီဘက်ခေတ်မှာ စီးပွားရေးဟာ အလွန်အရေးကြီးလာတဲ့ ကိစ္စတစ်ရပ်ဖြစ်လိုနေပါပြီ။ နိုင်ငံမချမ်းသာရင် ချမ်းသာတဲ့နိုင်ငံတွေဆီကို ကိုယ့်နိုင်ငံက လုပ်အားတွေ ရောက်သွားမယ်။ ကိုယ့်နိုင်ငံစီးပွားရေးဖွံဖြိုးတိုးတက်မှု မရှိရင် စီးပွားရေးဖွံဖြိုးတိုးတက်မှု ရှိနိုင်တဲ့ နိုင်ငံတွေဆီကို ရင်းနှီးမြုပ်နှံမှုအသစ်တွေ ရောက်သွားလိမ့်မယ်။ ဆိုတော့ ဒါတွေအားလုံးဟာ အပေါ်မှာ ပြောခဲ့သလို နိုင်ငံရေးနဲ့စီးပွားရေးဟာ အကြွေစေ့ပေါ်က “ပန်းနဲ့ခေါင်း”လို ဒွန့်တွဲနေတာပဲဖြစ်ပါတယ်။

🔹သေချာတာတစ်ခုကတော့ ပထဝီနိုင်ငံရေးအရ ဘယ်နိုင်ငံမှာ ပြီးပြည့်စုံတဲ့ စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်တာ မရှိပါဘူး။ ကိုယ့်နိုင်ငံမှာ မရှိတဲ့ စီးပွားရေး ဈေးကွက်တွေကို တခြားနိုင်ငံဆီကမှီခိုရသလို တခြားနိုင်ငံမှာ မရှိတဲ့ ကုန်စည်ပစ္စည်းတွေကိုလည်း ကိုယ့်နိုင်ငံက ဖြည့်တင်းရတာ ထုံးစံဖြစ်လိုနေတဲ့ အခြေအနေမှာ စီးပွားရေးရင်းနှီးမြုပ်နှံမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ကိုယ်က ဘယ်လောက်အခွင့်အလမ်းဖန်တီးနိုင်သလဲဆိုတာတွေကသာ အဓိက ဖြစ်လာနေဦးမှာပါပဲ။ စီးပွားရေးအရ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုနဲ့ ပြသနာတွေကို စနစ်တကျ ရေရှည်စီမံကိန်းမူဝါဒမျိုးနဲ့ မဖြေရှင်းနိုင်သရွေ့တော့ အစိုးရတွေ နှုတ်ထွက်ပေးရတာမျိုး၊ အရေးအခင်းဆိုတဲ့ ပဋိပက္ခတွေမျိုးကြုံနေကြရဦးမှာပဲဖြစ်ပါတယ်။

🔹စာချုပ်ရရင် စီးပွားရေးမကောင်းတဲ့ နိုင်ငံတွေ ဆင်းရဲမြဲဖြစ်နေဦးမှာဖြစ်သလို နိုင်ငံရေးမတည်ငြိမ်တဲ့ နိုင်ငံတွေဟာလည်း စီးပွားရေးကောင်းလာစရာလည်း အကြောင်းမရှိနိုင်ပါဘူး။

ဖိုးစီ