အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ ဆီလီကွန်တောင်ကြားဘဏ် SVB ဟာ သောကြာနေ့ မတ် ၁၀ ရက်နေ့က ပြိုလဲသွားခဲ့ပါတယ်။ ဒါဟာ ၂၀၀၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းပြီးကတည်းက အမေရိကန်ရဲ့ ဘဏ်လုပ်ငန်းတွေထဲမှာ အကြီးမားဆုံးပ ကျရှုံးမှုတစ်ခုဖြစ်တယ်လို့ သတင်းများကရေးသားပါတယ်။
အမေရိကန်အာဏာပိုင်တွေဟာ SVB ရဲ့ ပိုင်ဆိုင်မှုတွေကို ဝင်စီးပြီး သိမ်းပိုက်လိုက်ပါတယ်။ SVB ဆီလီကွန်တောင်ကြား ဘဏ်ဟာ ၁၉၈၀ပြည့်လွန်နှစ်များကတည်းက အမေရိကန်ရဲ့ နည်းပညာကုမ္ပဏီတွေတည်ထောင်ရာမှာ အဓိကငွေချေးငှားခဲ့တဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။
SVB ကိုအများပြည်သူတွေ သိပ်မသိရှိပေမယ့် အဲဒီဘဏ်ဟာ လုပ်ငန်းတည်ထောင်သူတွေအတွက် ငွေကြေးမတည်ပေးတဲ့ အထူးပြုဘဏ်တစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုတန်ဖိုးအရ အမေရိကန်ရဲ့ ၁၆ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်ပါတယ်။


