





တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရာ ဆေးကုသမှုဆိုင်ရာရောဂါ ၃၅၁ ဦး၊ ခွဲစိတ်ရောဂါ ၆၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၅ ဦး၊ ကလေးရောဂါ ၆၆ ဦး၊ အရိုးရောဂါ ၂၇၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၅၄ ဦး၊ မျက်စိရောဂါ ၂၉၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။