ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ကမ္ဘာ့အကြီးဆုံး မြေအောက်မီးရထားလိုင်းကို သမ္မတ ဗလာဒီမာပူတင်က ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ မြေအောက်မီးရထားလိုင်းသည် ရုရှားနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင်ရည်မှန်းချက် အကြီးမား ဆုံးသော မြို့ပြလမ်းပန်းဆက်သွယ်ရေး စီမံကိန်းများအနက်တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းမီးရထားလိုင်းကို သမ္မတပူတင်က မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဗြာနင်နှင့်အတူ မတ် ၁ ရက်တွင်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ အဆိုပါမြေအောက်မီးရထားလိုင်းတွင် ဘူတာရုံ ၃၁ ခုပါဝင်ပြီး အရှည်အားဖြင့် ၇၀ ကီလိုမီတာ (၄၃ မိုင်)ရှိသောကြောင့် ကမ္ဘာ့အရှည်ဆုံးမြေအောက်မီးရထားလိုင်း ဖြစ်လာသည်။
ယခုဖွင့်လှစ်လိုက်သည့် မြေအောက်မီးရထားလိုင်းသည် မော်စကိုမြို့တော်၏ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုလုံးကို ထူးထူးခြားခြားပြောင်းလဲ တိုးတက်လာစေမည်ဖြစ်ပြီး မြို့တော်၌ နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် ပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။