ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့်…