ဘားအံမြိုမှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော Lactasoy ဖာ ၄၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၁၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Higer Express Bus တစ်စီးနှင့် Yutong Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲက ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Single Side Decorative Laminates Paper ၆၉၀၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၂၂၄၇၀၅)၊ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော Brake Lever ၁၁၂၅ ကီလိုဂရမ်၊ Brake Handle ၂၀၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၃၉၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၆၆၃၇၀၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Related Posts
ပြည်ပသိုပိုဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများအား မြိတ်မြိုတွင်ဖမ်းမိ
- admin
- November 26, 2022
တနင်္သာရီတိုင်း၊မြိတ်မြိုနယ်၊လယ်ကယ်ကျေးရွာအနီးတွင် နိုဝင်ဘာ ၉ ရက်ညပိုင်းက ည ၁၀နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲဝင်များ ပါဝင်သော ပူး ပေါင်းအဖွဲသည် မြိတ်မြိုနယ်တွင် အိုက်စ်များ အား အက်ဒမန်ပင်လယ်ပြင်မှတစ်ဆင့်သယ်ဆောင်မည့်အဖွဲရောက်ရှိနေကြောင်းသတင်းအရ […]
တပ်မတော်နဲ့ အကြမ်းဖက် PDF ကြားက ကွာခြားချက်
- admin
- October 2, 2024
မတ္တရာကို PDF တွေဝင်သိမ်းတုန်းက ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကုန်ကြပေမယ့် တပ်မတော် ပြန်ထိန်းချုပ်ပြီးချိန်မှာတော့ ပြည်သူတွေ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နေကြပြီး ကလေးတွေလည်း ပုံမှန်ကျောင်းတက် စာသင်နေကြတာ ကြည့်ခြင်းအားဖြင့် ကျနော်တို့ ပြည်သူဘေးကင်းလုံခြုံဖို့ […]
PDF အဖွဲ့မှ drop bombs တိုက်ခိုက်မှုကြောင့် ဆရာတော်တစ်ပါးပျံလွန်တော်မူ
- အေးခင်
- May 14, 2024
မေလ ၁၃ ရက်နေ့မှာ နေ့လည် ၁၃၃၀အချိန်မှာ ရေစကြိုမြို့နယ် ဂွေးချိုရွာ ဘုန်းကြီးကြောင်းသို့အကြမ်းဖက် PDF အဖွဲ့မှ drop bombs များဖြင့် အကြောင်းမဲ့တိုက်ခိုက်ခဲ့သဖြင့် လက်ထောက်ဆရာတော် […]