၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ည ၇ နာရီခန့်တွင် မတူပီမြို့နယ်၊ တီးဆီးကျေးရွာအနီးတွင် ပြည်သူများအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အဖျက်အမှောက် လုပ်ရပ်များ လုပ်ဆောင်နေသော CDF သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF သောင်းကျန်းသူများမှာ အထိနာကာဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
CDF အကြမ်းဖက်သမားများထွက်ပြေးသွားသော လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးအဖွဲ့များက ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ…….
- CDF အလောင်း…….၃ လောင်း
- AK သေနတ် …….၁ လတ်
- လက်လုပ်သေနတ် …..၄ လက်
- အိုင်ကွန် …..၆ လုံး
- စနက်တံ …..၁၀ ချောင်း
- ကျည်ကာအင်္ကျီ …..၂ ထည်
- ယူနီဖောင်း ….၃ စုံ
- ကျောပိုးအိတ် …၂ လုံး
- လက်လုပ်မိုင်း ….၁ လုံး
- ဆေးမျိုးစုံ …..၁ ဖာ
- CDF တံဆိပ်တုံး ….၁ ခု
- ကျည်အိမ် ….၁ ခု
- ကျည်မျိုးစုံ …..၅၅၂ တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။