၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၉ နာရီခန်တွင် ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်း ကျေးရွာအနီးတွင် အပြစ်မဲ့ပြည်သူများအား ဆက်ကြေးကောက် Tတ်ဖြတ်နေသော PDF ပဒက်များက ၎င်းကျေးရွာအနီးတွင် တရားမဝင် ရေနံများတူးဖော်နေကြောင်း သိရှိရသဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ မြေကြီးအတွင်း ၆ လက်မခန့် မြှပ်ထားသော အချင်း ၃ လက်မရှိ ပီစီဗွီပိုက်အား တွေ့ရှိသဖြင့် ၎င်းနေရာမှ ပိုက်လိုင်းတစ်လျှောက်ရှာဖွေခဲ့ရာ ရေနံထည့်ရန်ကန် အသစ် ၁ လုံးနှင့် ရေစုပ်စက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ၎င်းကျေးရွာအနီးတဝိုက် လုံခြုံရေးအဖွဲ့ဝင်များမှ အသေးစိတ် ထပ်မံရှင်းလင်းခဲ့ရာPDF ပဒက်စခန်းဟောင်း ၁ ခုနှင့် အပြစ်မံပြည်သူများ Tတ်ဖြတ်ရန်ပြုလုပ်ထားသော
- လက်လုပ်မိုင်း ၁၈ လုံး
- ကော့တက်ယမ်းကြိုး ၁ ခွေ
- လက်လုပ်စိန်ပြောင်း ၁ လက်
- လက်လုပ်စိန်ပြောင်း ဗုံးသီး ၆ လုံး
- လက်လုပ် Drop Bomb ၇ လုံး
- ယမ်းမှုန့် ၂ ပိဿာ
- ယူနီဖောင်း ၂ စုံ
- မိုးကာခင်း ရေကန် ၃ ကန်
- ဆိုလာပြား ၁ ချပ်
- မီးစက် ၂ လုံး
- အင်ဗက်တာ ၁ လုံး
- ဗုံးခိုကျင်း ၁ လုံး
- ထမင်းပေါင်းအိုး ၁ လုံး
- မိုးဗြဲဒယ် ၂ လုံး
- ဆိုင်ကယ် ၃ စီး
- သုံဘီးယာဉ် ၁ စီး
- လူနေတဲ ၁၂ လုံးတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရပါသည်။
အဖျက်အမှာက်လုပ်ငန်းများလုပ်ဆောင်ရန်နှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန် ပြုလုပ်ထားသော PDF များ၏ လက်နက်ခဲယမ်းများအား လုံခြုံရေးအဖွဲ့ဝင်များမှ စနစ်တကျ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။